Music & IT Development
Would you like to react to this message? Create an account in a few clicks or log in to continue.



 
HomeLatest imagesRegisterLog in

 

 ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင်

Go down 
2 posters
AuthorMessage
Admin
Admin
Admin


Posts : 83
Join date : 2010-07-15
Age : 41

ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင် Empty
PostSubject: ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင်   ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင် EmptyWed Jul 28, 2010 9:31 am

ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင် Fe10

ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင် သည် လက်ပံတန်း၊ သာယာဝတီ၊ မင်းလှ၊ ဇလွန် နှင့် ဟင်္သာတမြို့နယ်များ အတွင်း ဖြတ်သန်း ဝင်ရောက်ခဲ့လူများကို အန္တရာယ်ပြုခြင်း၊ စိုက်ခင်း များကို ဖျက်ဆီးခြင်း မပြုဘဲ အေးချမ်းစွာ ပြန်လည် ထွက်ခွာသွား ခဲ့သည်။ ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်းလေးကောင် ပါအုပ်စုသည် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မြစ် အနောက်ဘက်ကမ်းဇလွန်မြို့ နှင့် ဟင်္သာတမြို့ မြို့သူကြီးဘုရား အနီးသို့ ထူးထူး ခြားခြားဝင်ရောက် ခဲ့ကြောင်း သိရှိ ရသည်။ ပဲခူးရိုးမ အတွင်းမှ အမြင့် ၁၁ ပေရှိဆင်မကြီ တစ်ကောင်၊ အမြင့် ၉ ပေရှိ ဆင်ထီး တစ်ကောင်၊ ဆင်မ တစ်ကောင် နှင့်အမြင့် လေးပေရှိ သားပေါက် ဆင်မငယ် တစ်ကောင် စုစုပေါင်း ဆင်လေးကောင်အုပ်စုသည် ဇူလိုင်လ ၄ ရက်မှစ၍ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ် နှင့်မင်းလှမြို့နယ် များအတွင်း လှည့်လည် ဖြတ်သန်းကာ ဇူလိုင်လ ၉ ရက်ညတွင်ဧရာဝတီမြစ်ကို ဖြတ်ကူး ခဲ့ကြောင်း၊ ဇူလိုင်လ ၁၀ ရက်နံနက် ၆ နာရီခန့်တွင်ဇလွန်မြို့မြစ်ကမ်းမှ မြို့ပေါ်ရှိ ဆင်တန်း ရပ်ကွက်သို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် နံနက် ၉ နာရီခန့်တွင် ဟင်္သာတမြို့ ဘက်သို့ ပြန်လည်ထွက်ခွာသွား ခဲ့ကြောင်း၊ ဇူလိုင် ၁၁ ရက် နံနက် ၄ နာရီခန့်တွင်လည်းဟင်္သာတမြို့ မြို့သူကြီး ဘုရားအနီး သို့ ရောက်ရှိ ခဲ့ပြီး ဘုရား အနီး၌တစ်နာရီခွဲခန့် ရှိနေခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲ ခန့်တွင် ရာဝတီမြစ်ကိုဖြတ်ကူး၍ ပဲခူးတိုင်း သာရဝေါဘက်သို့ ဆက်လက် ထွက်ခွာ သွားခဲ့ကြောင်း၊ယင်းနောက် လက်ပံတန်းမြို့နယ် နှင့် မင်းလှမြို့နယ် များကို လှည့်လည်ဖြတ်သန်းပြီး ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက ပဲခူးရိုးမတောနက်ထဲသို့ ရှေးရှုထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆင်အုပ်စုသည်တောရိုင်းဆင် အုပ်စုပင် ဖြစ်သော်လည်း ထူးခြားစွာပင် ဇလွန်မြို့ ဆန်တန်းရပ်ကွက်သို့ ရောက်ရှိပြီး ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် အပြင် လူအများ အကြား လှုပ်ရှား သွားလာခဲ့ကြောင်း၊ ပေ ၂၀ ခန့် အထိ လူများ အကပ်ခံပြီး တစ်စုံ တစ်ယောက် ကိုမျှရန်လို၊ ရန်ပြုခြင်း မရှိ ခဲ့ကြောင်း၊ ဟင်္သာတမြို့ မြို့သူကြီး ဘုရားအနီး၌လည်း တစ်နာရီခွဲခန့် ပူဇော်ခဲ့ကြောင်း၊ ထို့ပြင် လှည့်လည် သွားလာခဲ့ရာ လမ်းကြောင်း တစ်လျှောက် တွင်လည်း စိုက်ခင်း များကို ဖျက်ဆီးမှုမရှိခဲ့ကြောင်း၊ ထိုသို့ တောဆင်ရိုင်းများ ထူးထူး ခြားခြား ဝင်ရောက်လာပြီးမည်သူ တစ်ဦးတစ်ယောက် ကိုမျှ အန္တရာယ် မပြုဘဲ အေးချမ်းစွာ ပြန်လည် ထွက်ခွာသွားခြင်းသည် လွန်စွာ ထူးခြားကြောင်း၊ ဒေသခံ ပြည်သူ များက အံ့သြ ဝမ်းသာပြောကြား လျက်ရှိကြောင်း သတင်း ရရှိသည်။
Back to top Go down
http://www.m51a.com
kaekae0




Posts : 2
Join date : 2010-07-15
Age : 45

ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင် Empty
PostSubject: ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင်   ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင် EmptyWed Jul 28, 2010 7:29 pm

Smile မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။
Back to top Go down
 
ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီးကို ဦးခိုက် ပူဇော်ခဲ့သည့် ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင်
Back to top 
Page 1 of 1
 Similar topics
-
» မာမာအေး သီချင်းများ

Permissions in this forum:You cannot reply to topics in this forum
Music & IT Development :: Blog :: သတင်း-
Jump to: