HomeRegisterLog in

Share
 

 AutoCAD နှင့် အရုပ်ကားဘော်ဘီပြုလုပ်ခြင်း

Go down 
AuthorMessage
Admin
Admin
Admin

Posts : 83
Join date : 2010-07-15
Age : 37

AutoCAD နှင့် အရုပ်ကားဘော်ဘီပြုလုပ်ခြင်း  Empty
PostSubject: AutoCAD နှင့် အရုပ်ကားဘော်ဘီပြုလုပ်ခြင်း    AutoCAD နှင့် အရုပ်ကားဘော်ဘီပြုလုပ်ခြင်း  EmptyTue Jul 20, 2010 5:10 am

AutoCAD နှင့် အရုပ်ကားဘော်ဘီပြုလုပ်ခြင်း  AutoCAD


အခုလမှာတော့ AutoCAD userတွေ အတွက် 3D Modeling မှာ အသုံးဝင် မယ့် Command အချို့ကိုအသုံးပြုပြီး Toy Car Body လေးတစ်ခု ပြုလုပ်ပုံကို

တင်ပြပေးမှာ ဖြစ်ပါတယ်။
ဘေးတစ်ဖက်ပါပုံကတော့ ကားပုံရဲ့ ကောက်ကြောင်းတွေကို wireframe အတိုင်း မြင်ရတာ ဖြစ်ပါတယ် ။ ပထမဦးစွာ REC

enter နဲ့ rectangle တစ်ခုတည်ဆောက်ပါ။



ပြီးနောက် Front UCS ပြောင်း၍ တစ်ဖက်ပါအတိုင်း Arc များဆွဲပါ။
SL enter solid တုံးကို select ပေး S enter loft နဲ့ ပြုလုပ်ထားသော surface ကို

select ပေး enter ၊ကိုယ်လိုချင်သောဘက်မှာ Click ချပါ။ တစ်ဖက်ပါပုံအတိုင်း တွေ့ရပါ လိမ့်မယ်။



Extrude
Command သုံး၍ ထု တင်ပါ၊


Loft command မှ Guides ကို သုံး၍ Surface တစ်ခုကို တည် ဆောက်ပါ။Loft enter ၊ အစိမ်း ရောင် Wires နှစ်ခုကို select ပေး၊

enter ခေါက်၊ G enter စိမ်းပြာရောင် Wires နှစ်ခုကို select ပေး enter ခေါက်ပါ။



ပြီးနောက် Slice command ကိုသုံး၍ slice လှီးပါ။
ပြီးလျှင် solid တုံးရဲ့ နောက်ပိုင်းကို လှီးရန် အတွက် တစ်ဖက်ပါအတိုင်း ကောက်ကြောင်း ဆွဲ၍

loft surface တစ်ခုကို အထက်ပါ နည်း အတိုင်းဖန်တီးပါ၊ Slice လှီးပါ။



ထိုနောက် ဘေး Body အတွက် ကောက်ကြောင်းကို တစ်ဖက်ပါ အစိမ်း ရောင် wire အတိုင်းဆွဲပါ။


Loft Surface ဖန်တီးပါ၊ Slice လှီးပါ။ အောက်ပါ ပုံအတိုင်း တွေ့ရပါ လိမ့်မယ်။ UCS ကို Left View ပြောင်း၍ ပုံတွင်ပြထားသော မရမ်းရောင်

Wires များ အတိုင်း Profiles များဖန်တီးပါ။


ထိုနောက် မရမ်းရောင် wires များဖြင့် Loft surface တစ်ခု ဖန်တီးပါ။
Loft enter wires များ ကို ၀ဲမှယာသို့ အစီအစဉ် လိုက်အတိုင်း select

ပေးပါ၊ enter ခေါက်ပါ၊ loft setting Window ကျလျှင် smooth fit ကို ရွေးပြီး ok နှိပ်ပါ။ ပြီးနောက် ၄င်း Loft surface ကိုသုံး၍ solid တုံးကို Slice လှီးပါ၊

တစ်ဖက်ပါပုံအတိုင်း တွေ့ရပါလိမ့်မယ်။
၎င်းနောက် Fillet command ကို သုံး၍ အောက်ပါအတိုင်း အနား စောင်းများကို Fillet လုပ်ပါ။

ပြီးနောက် Loft command ကို သုံး၍ Solid တစ်ခု ဖန်တီးရန် ဘေးတစ်ဖက်အတိုင်း အပြာရောင် Profile များ ဆွဲပါ …. အပြာရောင် Profile

များဟာ တစ်တွဲ တဆက် တည်း ရှိနေရပါမယ်။


ထို့နောက် Loft enter ၊ အပြာ ရောင် profile နှစ်ခုကို select ပေး enter P enrer စိမ်းပြာရောင် လမ်းကြောင်းကို select ပေး enter ။ ဘေးတစ်ဖက် ပါပုံ

အတိုင်းတွေ့ရပါမယ်။


ပြီးနောက် solid တုံးများကို union command ဖြင့် ပေါင်းလိုက်ပါ။
ဘေးတစ်ဖက်ပါ အတိုင်း အနားစောင်းများကို Fillet လုပ်ပါ။ ဘေးတစ်ဖက်ပါ ပုံအတိုင်း

wheel များအတွက် UCS Front ကို ယူ၍ cylinder များဆွဲပါ။
ပြီးနောက် Shell command ကို သုံး၍ အတွင်းမှ အသားများကို ကိုယ်လိုချင်သော

အခွံအထူကို ထား၍ ဖယ်ထုတ်ပါ။



Solidedit
enter b enter s enter cylinder များကို ချန်၍ ကျန် သော Body ကို select ပေး Enter ခေါက်ပါ။ ထားချင်သော အထူကို ရိုက်ထည့်ပါ နောက်

enter ခေါက်ပါ။ ပြီးလျှင် အောက်ပါအတိုင်း ဖြစ်နေရန် အောက်မျက်နှာပြင်ကို move face ကိုသုံး၍ ရွှေ့ထုတ် လိုက်ပါ။



Solidedit
enter f enter m enter အောက် ဘက် အတွင်းမျက်နှာပြင်မှ အပြင်သို့ ရွှေ့ထုတ်ပါ။[/color] ထိုနောက် Cylinder များကို subtract

command
ကို သုံး၍ body မှ နုတ်ထုတ် လိုက်ပါ။ ပုံမှာ မြင်ရတဲ့အတိုင်း Toy Car Body ကို ရရှိပါလိမ့်မယ်။



ဆွေဇင်ထွန်း

B.E (Textile), Quick Computer
Credit:knowledgebridge.net

_________________
with regards,
Tin Htun Lwin
Back to top Go down
http://www.m51a.com
 
AutoCAD နှင့် အရုပ်ကားဘော်ဘီပြုလုပ်ခြင်း
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Music & IT Development :: Category :: Knowledge Forum :: Autocad-
Jump to: