HomeRegisterLog in

Share
 

 စိတ်

Go down 
AuthorMessage
shwemoehlaing
Admin
shwemoehlaing

Posts : 4
Join date : 2010-07-15
Age : 29

စိတ် Empty
PostSubject: စိတ်   စိတ် EmptySun Jul 18, 2010 1:34 am

ကျွန်မ အခုဖတ်နေသည့် စာရေးဆရာမ ခင်နှင်းယု၏ "လမင်းကြီးသာစမ်းပါ"စာအုပ်ထဲက ကျွန်မ နှစ်သက်မိသည့် စာပိုဒ်လေးတွေပါ။
သူငယ်ချင်းတွေ အတွက်လည်းအကျိုးရှိမယ် ထင်လို့ မျှဝေလိုက်ပါတယ်။တစ်ခါတစ်ခါ ကျွန်မတို့ ပတ်ဝန်းကျင်အသိုင်းအ၀န်းနှင့် ဆက်ဆံတဲ့အခါ
တစ်ဦးနဲ့ တစ်ဦး အထင်မတူ၊ အမြင်မတူသည့်အတွက် ဘယ်သူမှားမှန်း ကိုယ်မှန်မှန်း မသိနိုင်ဘဲ အဆင်မပြေ စိတ်ပင်ပန်းရတာလေးတွေ
ကြုံရတတ်ပါတယ်။ ထိုအခါလောကကြီးမှာ ဘယ်လိုစိတ်ထားမျိုးနဲ့ နေထိုင်အသက်ရှင်ရင် သက်တောင့်သက်တာရှိမလဲလို့ တွေးစရာဖြစ်လာပါတယ်။ အခု
ဝေမျှချင်မည့်အကြောင်းအရာက မြတ်သောရှင်ရဟန်းကြီးဖြစ်တဲ့ အရှင်သာရိပုတြာက မြတ်စွာဘုရားကို လျှောက်ထားတဲ့ သူ့စိတ်ထားတွေပါ။

မြေကြီးနှင့်တူသောစိတ်
အရှင်ဘုရား... မြေကြီးသည် မိမိအပေါ်၌ ပစ်ချအပ်သော စင်ကြယ်သောအရာကိုလည်းကောင်း၊ ကျင်ကြီးကျင်ငယ် နှပ်၊ တံတွေး၊သွေး၊ပြည်စသော
မစင်ကြယ်သော အရာကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်း မရှိသကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်သည် မြေကြီးနှင့်တူသော စိတ်ဖြင့်နေပါသည်။

ရေနှင့်တူသောစိတ်
အရှင်ဘုရား...ရေသည် မိမိ၌လာ၍ လျှော်ဖွပ်ကြသော၊ စင်ကြယ်သော အရာကိုလည်းကောင်း၊ ကျင်ကြီးကျင်ငယ်၊ နှပ်၊ တံတွေး၊သွေး၊ ပြည်စသော
မစင်ကြယ်သော အရာကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်း မရှိသကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်သည် ရေနှင့်တူသော စိတ်ဖြင့်နေပါသည်။

မီးနှင့်တူသောစိတ်
အရှင်ဘုရား... မီးသည် စင်ကြယ်သောအရာကိုလည်းကောင်း၊ ကျင်ကြီးကျင်ငယ် နှပ်၊ တံတွေး၊ သွေး၊ပြည် စသော မစင်ကြယ်သော အရာကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းမရှိလဲ လောင်သကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်သည် မီးနှင့်တူသော စိတ်ဖြင့်နေပါသည်။

လေနှင့်တူသောစိတ်
အရှင်ဘုရား... လေသည် စင်ကြယ်သောအရာကိုလည်းကောင်း၊ ကျင်ကြီးကျင်ငယ် နှပ်၊ တံတွေး၊ သွေး၊ ပြည် စသော မစင်ကြယ်သော အရာကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်း မရှိဘဲ တိုက်ခတ်သွားဘိသကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်သည် လေနှင့်တူသော စိတ်ဖြင့်နေပါသည်။

ဖုန်သုတ်အ၀တ်နှင့်တူသောစိတ်တ်
အရှင်ဘုရား... ဖုန်သုတ်အ၀တ်သည် စင်ကြယ်သောအရာကိုလည်းကောင်း၊ ကျင်ကြီးကျင်ငယ်၊ နှပ်၊ တံတွေး၊ သွေး၊ ပြည် စသော မစင်ကြယ်သော အရာကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်း မရှိဘဲ သုတ်ယူသကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်သည် ဖုန်သုတ်အ၀တ်နှင့်တူသော စိတ်ဖြင့်နေပါသည်။

ဒွန်းစဏ္ဍားနှင့်နှင့်တူသော စိတ်
အရှင်ဘုရား... ခွက်လက်စွဲသော အ၀တ်နွမ်းကို ၀တ်သော ဒွန်းစဏ္ဍားသည်ရွာနိဂုံးသို့ ၀င်သည်ရှိသော် နိမ့်ကျသောစိတ်ကို ဖြစ်စေ၍ ၀င်သကဲ့သို့
ဤအတူသာလျှင် အကျွန်ုပ်သည် ဒွန်းစဏ္ဍားနှင့်နှင့်တူသောစိတ်ဖြင့်နေပါသည်။

ဦးချိုကျိုးသော နွားလားနှင့်တူသော စိတ်
အရှင်ဘုရား... ဦးချိုကျိုးသော ယဉ်ကျေးပြီးသော နွားလားသည် လမ်းဆုံလမ်းခွတို့၌၊ လှည့်လည်သည်ရှိသော် မည်သူကိုမျှ ခြေဖြင့်သော်လည်းကောင်း၊ ဦးချိုဖြင့်သော် လည်းကောင်း၊ မညှင်းဆဲသကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်သည် ဦးချိုကျိုးသော နွားလားနှင့်တူသော စိတ်ဖြင့်နေပါသည်။

ကိုယ်ပုပ်ကောင်ကိုစက်ဆုပ်သောစိတ်တ်
အရှင်ဘုရား... ဦးခေါင်းနှင့်တကွ ရေချိုးပြီးသော တန်ဆာဆင်လိုသည့် သဘောရှိသော ပျိုရွယ်သော သူသည် လည်ပင်း၌ ငြိကပ်သော မြွေကောင်၊ ခွေးကောင်၊ ခူကောင်ပုပ်ကို စက်ဆုပ်သကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်သည် ဤကိုယ်ကောင်ပုပ်ကို စက်ဆုပ်ရွံရှာပါသည်။

ကိုယ်ပုပ်ကောင်ကိုစက်ဆုပ်သောစိတ်
အရှင်ဘုရား... အပေါက်ကြီး အပေါက်ငယ်ရှိသော အထက်အောက်ယိုကျနေသော အဆီအိုးကို ရွက်ဆောင်နေရသူကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်သည် အပေါက်ကြီး အပေါက်ငယ်ရှိသော အထက်အောက်ယိုကျနေသော ဤကိုယ်ကာယကို စက်ဆုပ်ရွံရှာပါသည်။

ကျွန်မတို့ ပုထုဇဉ်တွေအနေဖြင့် အရှင်သာရိပုတြာကဲ့သို့ စိတ်ထားမျိုး လုံးလုံးမထားနိုင်တောင် အထက်ပါ အကြောင်းအရာကို ဖတ်ပြီး အနည်းအကျဉ်းတော့ ဆင်ခြင်သုံးသပ်ပြီးစိတ်သက်သာရနိုင်မယ်လို့မျှော်လင့်မိပါတယ်။

ကျေးဇူးတင်ပါတယ်။
ရွှေမိုးလှိုင်
Back to top Go down
 
စိတ်
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Music & IT Development :: Blog :: ဆောင်းပါး-
Jump to: