Music & IT Development
Would you like to react to this message? Create an account in a few clicks or log in to continue.



 
HomeLatest imagesRegisterLog in

 

 VB Script ဆိုတာ

Go down 
AuthorMessage
Admin
Admin
Admin


Posts : 83
Join date : 2010-07-15
Age : 41

VB Script ဆိုတာ Empty
PostSubject: VB Script ဆိုတာ   VB Script ဆိုတာ EmptyThu Jul 15, 2010 5:59 am

VB Script ဆိုတာ Visual Basic Script ကိုယ်စားပြု တဲ့ နာမည်ပါပဲ။ ၄င်းဟာ Microsoft ကနေ Develop လုပ်ပြီး ထုတ်လုပ်ခဲ့ တဲ့ Scripting Language တခုပဲဖြစ်ပါတယ်။ တကယ်တော့ အဓိကအားဖြင့် IE (Internet Explorer) အတွက်ပါ။ ခုချိန်မှာတော့ ASP.net (Active Sever Pages) လို sever side scripting language ကိုပဲ အများအားဖြင့် အသုံးပြုလာကြပါပြီ။

VB Script Client Side Scripting



VB script ကို တီထွင်ဖန်တီးခဲ့တဲ့ အကြောင်းရင်းကတော့ Web Developers တွေဟာ HTML တခုထဲနဲ့ တော့ Interactive ဖြစ်တဲ့ web page တခုကို ဖန်တီးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ user ကို dynamic web pages များကဲ့သို့  interaction ပေးနိုင်ဖို့ ရန်အတွက် ability တွေပေးနိုင်တဲ့ client side scripting တခုကိုဖန်တီးခဲ့တာပါ။ Client ဆိုဒ် Sever side များအကြောင်း ယခင်ကျနော်ရေးသားခဲ့ဘူးတဲ့ Ajax , JavaScript အတူလေ့လာရအောင် ပို့ စ်များမှာ ရေးသားခဲ့ဘူးပါတယ်။ ဒါပေမယ့် VB Script ဟာ tools တော်တော်များများကို သုံးဖို့ ရန်အခက်ခဲတော်တော်များပါတယ်။ ဥပမာ current date and time လိုမျိုးကို user ကိုပြဖို့ ၊ web sever မှ ဖိုင်လ်တွေကို access လုပ်ဖို့ ၊ web developer တွေဟာ တကယ့် ကောင်းမွန်တဲ့ usability များပေးစွမ်းနိုင်ဖို့ advance web applications တွေကို develop လုပ်ဖို့ လို တွေမှာ အဆင်ပြေနိုင်စွမ်းမရှိပါဘူး။

VB Script; Why Learn and Use It?
VB Script ကို ဘယ်သူတွေက ဘာကြောင့်လေ့လာသင့်သလဲ ဆိုတော့ ASP developers တွေနဲ့ လေ့လာထားသင့်တယ် လေ့လာထားဖို့ လိုအပ်ပါတယ်။ ASP Programming ကို အတွေ့ ကြုံ သိပ်မရှိသေးခင် VB script ကိုလေ့လာထားသင့်ပါတယ်။ ဒါပေမယ့် VB script နဲ့ dynamic web pages များကို ဖန်တီး designing လုပ်တော့မယ်ဆိုရင် Developer တွေ အနေနဲ့ သိထားရမှာက visitors တွေဟာ Internet Explore browser နဲ့ တော့ web pages ကို ကြည့်ရှု နိုင်ပေမယ့် အခြား browser များမှတော့အဆင်ပြေမှု ရှိမှာမဟုတ်ဘူးဆိုတာကိုသိထားဖို့ လိုပါမယ်။ users တိုင်းဟာလဲ IE လို ပိန်းတိန်းတန်း browser ကိုကြီး မသုံးဘူးဆိုတာသိထားရပါမယ်။



VB ကို လေ့လာသင့်တဲ့ အကြောင်းရာတွေကတော့

၁။ တကယ်လို့ HTML ကိုလုံးဝ အပြည့်အ၀ သေချာနားလည်ချင်တယ်ဆိုရင် လေ့လာသင့်ပါတယ်။
၂။ တကယ်လို့ များ သူငယ်ချင်းဟာ ပြီးပြည့်စုံကောင်းမွန်တဲ့ Web page တခုကို ASP နဲ့ ဖန်တီးချင်မယ်ဆိုရင် လေ့လာသင့်ပါတယ်။
၃။ အကယ်၍ များ သူငယ်ချင်းအနေနဲ့  Visual Basic ကို လေ့လာထားဖူပြီး သိထားပြီး VB Script နဲ့ စမ်းသပ်လေ့လာချင်ရင် VB Script ကိုလေ့လာပါ။
၎။ တကယ်လို့ များ သူငယ်ချင်းအနေနဲ့  Programming Language တော်တော်များများကို သိချင်လေ့လာချင်ပြီ ဒီလိုလေ့လာရတဲ့အပေါ်မှာ နှစ်သက်တယ်ဆိုရင်တော့ VB script ကို လေ့လာထားသင့်ပါတယ်။

VB Script ကိုမလေ့လာသင့်တဲ့ အကြိုးကြောင်းရင်းတွေကတော့
၁။ တကယ်လို့ များသူငယ်ချင်းဟာ General Public အတွက် web page တွေကို developing လုပ်နေမယ်ဆိုရင် ။
၂။ တကယ့်လို့ များ သူငယ်ချင်းရဲ့ ဆိုဒ် ကိုအသုံးပြုတဲ့ user ဟာ IE (Internet Explorer) တခုထဲ အသုံပြုတာမဟုတ်ပဲ၊ အခြား browser ကိုအသုံးပြုမယ်ဆိုရင်။
၃။ ခေတ်နောက်ကျနေတဲ့ language တခုကို မလေ့လာချင်ရင်တော့ VB Script တခုကို မလေ့လာပါနဲ့ တော့။

အဲဒီအစား ပိုကောင်းမွန်တဲ့၊ ပိုပြီး support လုပ်နိုင်တဲ၊့ interaction ပိုပေးနိုင်တဲ့ web standard မီတဲ့ JavaScript ကိုလေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်။။

Post by: Ye' Paing Phyo (Admin)
Back to top Go down
http://www.m51a.com
 
VB Script ဆိုတာ
Back to top 
Page 1 of 1
 Similar topics
-
» AutoCAD Script မိတ်ဆက်

Permissions in this forum:You cannot reply to topics in this forum
Music & IT Development :: Category :: Knowledge Forum :: Programming-
Jump to: