HomeRegisterLog in

Share
 

 How to approach C#.Net ?

Go down 
AuthorMessage
Admin
Admin
Admin

Posts : 83
Join date : 2010-07-15
Age : 37

How to approach C#.Net ? Empty
PostSubject: How to approach C#.Net ?   How to approach C#.Net ? EmptyThu Jul 15, 2010 11:03 am

C#.Net သို့  .Net Frame work နဲ့ မိတ်ဆက်ပေးခြင်းဆိုပြီး ဒီနေရာလေးမှာ ကျနော်ရေးသားခဲ့ဖူးပါတယ်။ .Net Frame work အကြောင်းကို ကျနော် Java Platform နှင့် နှိင်းယှဉ်ပြီးတင်ပြခဲ့ပါတယ် ။။ ဒီနေ့ ကျနော်ရေးသားလိုတာက C#.net ကိုလေ့လာမယ့်သူတွေ အတွက် Carrier Talk ပုံစံမျိုး ဘယ်လို စာမေးပွဲတွေဖြေဆိုရမယ် ဆိုတာကိုကျနော်ရေးသားလိုပါတယ်။
ဒီနေရာမှာ C#.Net အကြောင်းလေးမပြောခင် အခြား Platform ကြောင်းနဲနဲပြောချင်ပါတယ် ..

Java Platform က တော့ Software application တွေသာမက Web application တွေ . Mobile application တွေပါရေးသာနိုင်ပါတယ်။ Java ကတော့ CROSS PLATFORM ပါအဆင်ပြေပါတယ်။ .Net က windows platform သီးသန့် ဆိုတာ သိထားရမှာပါ ။ သို့ ပေမယ့်လည်း Microsoft ရဲ့ product မဟုတ်တဲ့ အခြား product တွေဟာ .Net ကို OS Independent အဖြင့် သုံးနိုင်အောင်ကျိုးစားကျလာတာလည်းရှိနေပါပြီ။ Java ကလည်း C / C ကို base လုပ်တဲ့ အတွက် Syntax အားဖြင့် ဆင်တူပါတယ် ။

PHP ကတော့ open source technology တခုဖြစ်ပြီးတော့ Web application တွေရေးသားရာမှာ အရမ်းကို နာမည်ရနေတဲ့ language တမျိုးပဲဖြစ်ပါတယ်၊ သူမှာတော့ Framework သီးသန့် မရှိပဲ PHP ကို support လုပ်တဲ့ Web application Framework တွေ အများကြီးရှိပါတယ်။ ဒါကြောင့် PHP ကိုလေ့လာရာမှာ language ကိုသာပိုင်နိုင်အောင်လေ့လာရမှာပါ။ Framework တွေကိုတော့ လိုအပ်ရင် လိုအပ်တဲ့  Framework ကို လေ့လာဖို့ လိုပါမယ်။။ သူဟာ လည်း C / C နဲ့  Syntax တွေဆင်တူပါတယ် ..ဒါကြောင့် C / C ကိုလေ့လားထားဖူးမယ်ဆို တော်တော်လေး ကောင်းပါတယ်။ ဒါကြောင့် အတော်များများသော Senior တွေက programming ကိုစလေ့လာဖို့ အတွက် C / C ကစလေ့လာဖို့ ပြော ကြား လမ်းညွှန်ကျတာပါ.။

ဘယ် Language ကိုပဲ ရွေးချယ်ရွေးချယ်ပါ Language ဟာ tool တခုပဲဖြစ်တာမို့  Logic ကပိုပြီးအရေးကြီးပါတယ်။ Language အသစ်ထွက်တိုင်း version အသစ်ထွက်လာတိုင်းသင်တန်းပြေးတက်နေမယ်ဆိုရင်တော့ တက်လို့  လဲဆုံးလာမယ်မထင်ပါဘူး။ Language တခုကို ပိုင်ပိုင်နိုင်နိုင်လေ့လာထားမယ်ဆိုရင် နောက်ထွက်လာမယ့် ၄င်း Language ရဲ့ version အသစ်ကိုလဲ ကို့ ဖာသာ လေ့လာနိုင်မှာဖြစ်ပါတယ် ။အခြား platform တခုခုက language တခုခုကို လေ့လာတော့မယ်ဆိုလဲ သဘာတရားတွေဟာ အများအားဖြင့်တူညီနေတဲ့အတွက် လေ့လာရာမှာလဲ လျှင်မြန်လွယ်ကူနေမှာပါ ..သဘောပေါက်လဲလွယ်လာမယ်လို့ မျှော်လင့်ပါတယ်။

C#.net ကို စတင်လေ့လာမယ်ဆိုရင်တော့ pseudo code , flow chat စတဲ့ programming fundamental စတာမျိုးတွေစတင်လေ့လာရမှာဖြစ်ပြီး

C#.net fundamental ကို စတင်လေ့လာရမှာပါ .. Java ဟာ C , C ကို base လုပ်ပြီး ပေါ်ထွက်လာသလို C# ဟာလည်း Java ထက်သာတဲ့

Feature မျိုး တွေထပ်ပေါင်းထည့်ပြီး ပေါ်ထွက်လာတဲ့ Microsoft ရဲ့  Product တခုပဲဖြစ်ပါတယ်။ သုံးတာကတော့ .Net framework ကိုပဲသုံးပါတယ်။

.Net framework ပေါ်မှာ Microsoft ရဲ့  Product Language အတော်များများရေးသားနိုင်ကြောင်း ကျနော်ရေးသားခဲ့ဖူးပြီးသားပါ..

C# ကနေပဲသွားချင်တယ် .Net platform ကိုပဲလိုက်ချင်သူတွေအဖို့ တော့ အောက်က ပုံလေးကိုတချက်လေ့လာကြည့်တာပေါ့


How to approach C#.Net ? Map

C#.net Fundamental ကိုလေ့လာပြီးရင်တော့ Web application ပိုင်းသွားချင်သလား windows application ပိုင်းသွားချင်သလားကို

ရွေးချယ်ရမှာဖြစ်ပါတယ်။။


.Net platform နှင့် web developer ဘ၀ကိုစတင်ဖို့ ဆိုရာမှာ



တကယ်လို့ Web application ပိုင်းကိုလေ့လာဖို့ ရွေးချယ်ပြီးရင်တော့ Web standard များဖြစ်တဲ့ HTML , CSS , JavaScript များကို

လေ့လာပြီးမှာ သာ Dynamic web များရေးသားဖို့ ASP.net နှင့် Database တခုခုကိုလေ့လာရမှာပါ။။ ဒီနေရာမှာ

HTML , CSS and JavaScript များကို လေ့လာကိုလေ့လာရမှာပါ web ရဲ့  standard များဖြင့်လို့ ပါပဲ..။ သေချာ မသိ မလေ့လာခဲ့ရင်တော့ web

developer ကောင်းတယောက်မဖြစ်နိုင်ပါဘူး ။။ အခြားလေ့လာရမှာတွေကတော့ ဒါတွေကိုလေ့လာရင်းနဲ့ ပဲ ပြောပြစရာမလို အောင် သိလာပါလိမ့်မည် ..

အခြား Domain knowledge များဟာ မိမိ သိလာတာနဲ့ အမျှ ကို့ ဖာသာလေ့လာနိုင်ပါလိမ့်မည်..

တကယ်လို့  Window application ကိုသွားတောမယ်ဆို ရင်လည်း Database တခုခု ကိုလေ့ လာကိုလေ့လာရမှာပေါ့။ Software Engineer,

Project management စတာတွေဟာ လေ့လာထား၇မှာပါ Web developerတွေဟာလည်း ဒါတွေကိုပါလေ့လာထား၇မှာပါ။။

အဲလို လေလာပြီးတဲ့အချိန်မှာတော့ Software house သို့ မဟုတ် ကိုယ်ပိုင် ပရောဂျတ်များ လုပ်ရင် On job တခုခု ဆင်ရင်း နဲ Microsoft

အသိမှတ်ပြုလက်မှတ်များကိုင်ဆောင်ထားရပါမယ် ။။ ဒီလို ဖြေဆို၇ာမှာတော့

MCTS: Microsoft Certified Technology Specialist

Core Exam:
070-536 : TS :Application Development Foundation
070-528 : TS :Web-Based Client Development ဒါက web သမားတွေအတွက်ပါ ။


MCTS: Microsoft Certified Technology Specialist

Core Exam:
070-536 : TS : Application Development Foundation
070-526 : TS : Window-Based Client Development ဒါက application သမားတွေအတွက်ဖြေရမှာပါ.။

MCPD: Microsoft Certified Professional Developer တွေအတွက်ကတော့ 070-536 / 528 ဖြေပြီးမှာ 547 ကိုဖြေရမှာပါ ။

ဒီသုံးခုပေါင်းဖြေပြီမှ Pro Dev အဖြင့်အသိမှတ်ပြုပါတယ်

Core Exam:
070-536 : TS : Application Development Foundation
070-528 : TS : Web-Based Client Development
070-547 : PRO : Designing and Developing Web-Based Applications by Using the Microsoft .NET Framework

MCPD: Microsoft Certified Professional Developer သူလည်းပဲ 070-536 / 528 ဖြေပြီးမှာ 548 ကိုဖြေရမှာပါ ။ ဒီသုံးခုပေါင်းဖြေပြီမှ

Pro Dev အဖြင့်အသိမှတ်ပြုပါတယ်

Core Exam:
070-536 : TS : Application Development Foundation
070-526 : TS : Window-Based Client Development
070-548 : PRO: Designing and Developing Windows Applications by Using the Microsoft .NET Framework

Enterprise Application Developer

Core Exam:
070-536 : TS : Application Development Foundation
070-526 : TS : Window-Based Client Development
070-528 : TS : Web-Based Client Development
070-529 : TS : Distributed Application Development
070-549 : PRO: Designing and Developing Enterprise Applications by Using the Microsoft .NET Framework

ဒါဆိုရင်တော့ သင်ဟာ Architecture တယောက်လို့ ပြောနိုင်ပါပြီ.။ ဒီလို သက်ဆိုင်ရာတွေဖြေဆိုပြီရင်တော့ သင်ဟာ Industry Professional Carrier

ဖြင့် .Net Platform မှာရပ်တည်နိုင်ပြီပေါ့ ။။

ကျနော် ဖတ်မှတ်လေ့လာထားတာလေးတွေကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်...လိုအပ်တာများရှိခဲ့ရင် ဝေဖန်ထောက်ပြသွားပေးပါ.။

လေးစားစွာဖြင့်
ရဲပိုင်ဖြိုး
Back to top Go down
http://www.m51a.com
 
How to approach C#.Net ?
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Music & IT Development :: Category :: Knowledge Forum :: Programming-
Jump to: