Music & IT Development
Would you like to react to this message? Create an account in a few clicks or log in to continue.



 
HomeLatest imagesRegisterLog in

 

ံCan we live without software applcation?

Go down 
AuthorMessage
Admin
Admin
Admin


Posts : 83
Join date : 2010-07-15
Age : 41

ံCan we live without software applcation? Empty
PostSubject:ံCan we live without software applcation?ံCan we live without software applcation? EmptyThu Jul 15, 2010 10:44 am

ဒီနေ့  Software Engineering နယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့ခြင်း မှာ အနည်းငယ်စတင်ခဲ့တဲ့ Software application types

တွေအကြောင်းဗဟုသုတအဖြင့် အနည်းငယ် ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ ပို့ စ်မှာတော့ ခေါင်းစဉ်ကြီး (၂)ခုကို ထားပြီးပြောခဲ့ပါတယ် OS နဲ့  computer

application software ဆိုပြီးတော့ပါ။ နောက်ပြီး ကျနော် General Product နဲ့ customised software Product များကြောင်း

ပြောခဲ့ပါတယ်။



ကျနော်တို့ လုသားတွေရဲ့ နယ်ပယ်ရပ်တော်တော်များများကို ကွန်ပျုတာ software တွေအသုံးပြုပြီး ဖြေရှင်းနေရပါပြီ.။ ကျနော်တို့ နိုင်ငံမျိုးမှာ

လောလောဆယ် Software တခု breakdown တခုဖြစ်သွားယုံ လျှပ်စစ်မီးပျက်တောက်ယုံလောက်နဲ့ ဘာမှမဖြစ်ပေမယ့် အမေရီကားလို့ နိုင်ငံမျိုးမှာ

ဒါမျိုးသာဖြစ်သွားခဲ့ရင် တော်တော်လေး effect ထိရောက်မှုရှိပါတယ်။ သူတို့ ဟာ လျှပ်စစ်ဖြန့် ဝေမှု ဆိုင်ရာ traffic ထိန်းချုပ်မှုတွေ အကာသဆိုင်ရာ

စစ်ဘက်ဆိုင်ရာတွေ စတော့ဈေးကွက်တွေအားလုံးမှာ software တွေသုံးပြီး ရပ်တည်နေတာပါ။ လုံခြုံရေး အပြည့်နဲ့ ကို ဒီလိုဆော့ဝဲတွေ run

နေနိုင်အောင်ပြုလုပ်ထားတာပါ ။



System Software
: သူကတော့ ကျနော်တင်ပြခဲ့တဲ့ Opearting System တွေကိုပြောတာပဲ။ System Software ဆိုတာ product တခုရဖို့ 
အခြား Program တွေကို service ပေးဖို့ ရေးသားထားသေ Program တွေစုထားတဲ့ system တခုပါပဲ။ နားလည် အလွယ်ဆုံးက တော့

Operating System(XP, Vista, Windows 7, Ubunut..etc) ပဲပေါ့ သူတို့ ကိုအသုံးပြု ပြီး ကျနော်တို့ လိုချင်တဲ့အခြား product တွေကို

၇ရှိပါတယ်။ အချို့ သော system software ( compiler , editors and file management utilities) တွေရဲ့ လုပ်ငန်းဆောင်တာတွေဟာ

ရှုပ်ထွေးပါတယ် သို့ ပေမယ့် determinate တော့ဖြစ်ပါတယ်။ နောက်ပြီး OS လို drivers လို telecommunication processors တွေလို

system software တွေကတော့ ပိုကြီး ကြီးမားတဲ့ data processing တွေလုပ်နိုင်ပါတယ်။ OS တခုမှာဆို internet သုံးနိုင်တယ်

စာရိုက်နိုင်တယ် သီချင်းဖွင့် နိုင်တယ် စာဖတ်နိုင်တယ် စသည်ဖြင့် built in program တွေကို အတော်များများပါရှိပါတယ်။

ံCan we live without software applcation? 01_user_interface

Real Time Software: ဒီလို ဆော့ဝဲအမျိုးစားတွေကတော့ လက်ရှိအချိန်တွင်းကို စောင့်ကြည့်မှုတွေလုပ်ပါတယ် စစ်ဆေးမှုတွေ လုပ်ပြီး

တိုက်ရိုက်သူကိုတိုင် control လုပ်ပါတယ် . ဥပမာ လူလာရင် လိုအလျှောက်တံခါးဖွင့်တာတို့  လူရဲ့ အသံနဲ့  ကားစက်နိုးတာ နောက်ပြီး

ရေတပ်သင်္ဘောတွေမှာ သင်္ဘောဖျက်ဒုံးတွေလာရင် သဘောင်္ပေါ်က စက်သေနတ်ကအလိုအလျှောက်ပစ်တာတွေ .မိမိရဲ့ သင်္ဘောရဲ့ 

ဘယ်အကွာအဝေးတွင်းရောက်ရင် တစက္ကန့် ကို ဘယ်လောက် အလျှင် ဘယ်အကြိမ်နှုန်းနဲ့ ပြစ်စပြီး real time Monitor လုပ်ပြီး စစ်ဆေးမှုတွေလုပ်ပြီး

အလိုအလျှောက် control တွေလုပ်ဆောင်တာပါ။ fighter တွေမှာဆို ဒုံးစနစ်ဟာ ပစ်မှတ် fighter တစီးကိုပစ်လိုက်ပြီဆိုရင် ဒုံးဟာ fighter ရဲ့ 

အပူစွန့် ထုတ်မှု ကိုအာရုံခံပြီးလိုက်ပါတယ် real time မှာလုပ်နေတာပါ ။ နောက်ပြီ မိုးလေ၀ါသ ဆိုင်ရာ တွေမှာလည်း real time application

တွေသုံးပါတယ် tsunamis သတိပေးချက်လို နေရာမျိုးတွေမှာ စသည့်ဖြစ်ပေါ့။ ပါတ်ဝန်း ကျင်က အချက်လက်တွေကို အာရုံခံ ပြီး စောင့်ကြည့်ပါတယ်

သတ်မှတ်ထားတဲ့ range ထဲ ရောက်မရောက် ဟုတ်မဟုတ်ကို စစ်ဆေးပါတယ် ပြီးတော့ လုပ်သင့်မလုပ်သင့်ကို အလိုအလျှာက် control လုပ်ပါတယ်။

တကယ့် လက်တွေအချိန်တွင်းမှာ သူ့ ရဲ့  ranging က 1 millisecond ကနေပြီး 1 second အတွင်းမှာ လုပ်ဆောင်ပါတယ် . တုံပြန်

ဆောင်ရွက်ပါတယ်။

ံCan we live without software applcation? Bpa_restaurant_professional_information_managers_information_database-9463
Business Software

Business Software : ဆိုတာကတော့ ကြီးမားတဲ့ သီးသန့် single software application နယ်ပယ်တခုပါပဲ။ ကိုယ့်လုပ်ငန်းမှာသုံးတဲ့

software တခုဟာ အခြားလုပ်ငန်းမှာသုံးတဲ့ software တခုနဲ့ တူနိုင်မှာမှမဟုတ်တာ။ဘာကြောင်လဲဆိုတော့လုပ်ဆောင်ပုံလုပ်ငန်းရဲ့ flow

တွေကလည်းမတူတဲ့အတွက် ကိုယ့်လိုအပ်ချက်အတွက်ကို သီးသန့် ဆော့ဝဲတွေသုံးကျလို့ ပါပဲ။ ဥပမာ လစာပေးတဲ့ ဆော့ဝဲလ်တွေ စာရင်းအင်းဆိုင်ရာ

ဆော့ဝဲတွေ ပေါ့ .. City Mart ကလည်း သူ့  business အတွက် software သီးသန့် သုံးတာပေါ့ .. ဈေးရောင်း ပိုက်ဆံချေ စတဲ့လုပ်တာတွေက

ဖန်ရှင်တခု ၀န်ထမ်းတွေလစားပေးတာတွေ ကုန်ပစ္စည်းဝင်ထွက် စတာတွေ အားလုံးသိမ်းဆည်းထိန်းချုပ်ဖို့ ဆိုင်ခွဲတွေနဲ့ ချိတ်ဆက်လုပ်ဆောင် ဖို့ ဆိုပြီး

ဒီလိုဖန်ရှင်တွေစုထားတဲ့ ကြီးမားတဲ့ ဆော့ဝဲကြီးတွေပါ။ အချက်အလက်( data) တွေသိမ်းဖို့ ကြီးမားတဲ့ database တွေပါမယ်။ ဒီလို

လုပ်ဆောင်တာတွေအားလုံကို သတင်းအချက်လက်တွေ ကိုစီမန်ခန့် ခွဲ တဲ့ စနစ်ကြီးလို့ ပြောပါတယ်။။ သူ့ ကို MIS software လို့ ခေါ်ပါတယ် ။ MIS

software ဆိုတာ Management Information System ပါ။
ံCan we live without software applcation? 20100303182001

Engineering and Scientific software: ဆိုတဲ့ software တွေဟာ အရမ်းကိုတိကျမှုတွေ မှန်ကန်မှုတွေ စတဲ့ higher performance

တွေလိုအပ်ပါတယ်။ ကျနော်တို့ သာမန်တွက်ချက်မှုတွေမှာတော့ decimal လေးတနေရာလောက်တိုးလိုက်လို့ ဘာမှမဖြစ်သွားပေမယ့် Engineering

and Scientific အတွက် အသုံးပြုရတဲ့ software တွေအတွက် အသေးစိတ် တိကျမှုတွေ number crunching algorithms ဖြစ်ဖို့ 

အရမ်းကိုလိုအပ်ပါတယ်။။ ဥပမာ Nuclear research လို နေရာမျိုးမှာ မိုးလေ၀ါသခန့် မှန်းတွက်ချက်မှုတွေမှာတော့ Super Computer တွေနဲ့ 

အသုံးပြုပြီးတော့ကိုတွက်ချက်ရယူရပါတယ် ။ မှန်ကန်မှုရှိလေ အကြိုးရှိလေပါပဲ။ ၁.၀၀၀၀၀၀၀၀၀၀၀၀၉ ဖြစ်နေပါစေ ၁ လို့ ယူလိုက်မယ် မကြံလိုက်ပါနဲ့ 

အဲလို decimal လေးတွေကအစ ကျမှန်ကန်မှုရှိလေကောင်းလေပါပဲ။ ဥပမာဗျာ ကျနော်တို့ target တခုကို ကွန်ပျုတာ စနစ်နဲ့ ဗုံးကျဲမယ်ဆိုပါစို့ 

တွက်ချက်လိုက်တဲ့ လက်တီကျု့ တွေ မှာ .၅ လေးကွာသွားတာနဲ့ ဘာဖြစ်သွားမလဲဆိုတာတွေးသာကြည့်ပါတော့ ။ ဒီလိုပဲ ဓါတုဗေဒဆိုင်ရာ

မော်လီကျုးတွေ atom တွေကို ခွဲခြမ်းစိတ်ဖြာလေ့လာရာတို့ မီးတောင်လှုပ်ရှားမှုတွေမှာ အာကာသဆိုင်ရာ စတာကစလို အလိုအလျှောက်

ထုတ်လုပ်မှုလုပ်ငန်းတွေထိပါ တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်။Auto cad လို့ ဆော့ဝဲမျိုသုံးဖုးတဲ့သူတွေဆိုသိမှာပါ ဒီဇိုင်များဆွဲရာမှာ

တိကျမှုကဘယ်လောက်အရေးပါတယ်ဆိုတာ သင်္ဘောဒီဇိုင်းဆွဲပြီး အို decimal လေးတနေရာလောက်မှားသွားတယ်ဆိုပြီးထားလိုက်ရင် သင်္ဘောကြီး

ဘယ်လိုဖြစ်သွားမလဲပေါ့။တကယ့် ဒီလို real time နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အသေးစိတ် analysis လုပ်ငန်းတွေအတွက်ကတော့ တိကျနိုင်

result ရဖို့ အတွက် သီးသန့် software တွေအသုံးပြုနေရမှာပါပဲ။


Embedded Software :
ဆိုတာ သိပ်ပြီး အဝေးကြီးမကြည့်ပါနဲ့  ..သူငယ်ချင် အဲကွန်းကို remove control နဲ့  ဖွင့်ဖူးလား

စတာတွေဖွင့်ဖူးလား။။ ကွန်ပျုတာကိုင်ပြီး အင်တာနက်သုံးပြီ ကျနော့် ပို့ စ်ကိုဖတ်နေသူတယောက်ဖို ဒီလောက်တော့လုပ်ဖုးတာသေချာပါတယ်။အိုးဗျာ

မဖွင့်ဖူးရင်တောင်မြင်ဖူးမယ်ထင်တယ် ။ သူဟာ read only memory RAM လေးပေါ်မှာတင် သေးငယ် တဲ့ Program လေးနဲ့ အလုပ်လုပ်ပါတယ် ။

ဒီလိုပဲ Washing Maching လိုစက်တွေမှာ အ၀တ်တွေရဲ့ အလေးချိန်ကိုတွက်ချက်ပြီး အလုပ်လုပ်တဲ့ program မျိုးတွေ ..Microwave မီးဖို

တွေမှာသုံးတဲ့ Program သေးသေးလေတွေ ။ ဂြိုလ်တု စလောင်း receiver တွေကို remove တွေဖွင့်တဲ့အခါမှာ စသည်ဖြင့် ဒီလို နေရာတွေမှာ

Program ငယ်လေးတွေ ကို ရေးသားပြီး မြုပ်နှံထားပါတယ်။


Personal Computer Software
: တွေကတော့ပြောဖို့ မလိုအပ်လောက်ပါဘူး သူငယ်ချင်းတို့ သိပြီးသား software တွေပါ။ စာစီစာရိုက်

ဆော့ဝဲတွေ ဒီဇိုင်းဆွဲရာမှာအသုံးပြုတာ တွေ မာတီမီဒီယာနဲ့ ပတ်သတ်တာတွေ ဖျော်ဖြည်မှုဆိုင်ရာတွေ database management တွေ

အစရှိသည်ဖြင့် ကျနော်တို့ ရဲ့ OS ပေါ်မှာ အသုံးပြုနေတဲ့ third party software တွေပါပဲ။

Web base software : ခုလို အချိန်မှာ Desktop application ကနေ web application ကိုကူးပြောင်းလာတာ

လူတိုင်းသတိထားမိမယ်ထင်ပါတယ် ။နောက်ပိုင်း application တော်တော်များများတွေဟာ web ပေါ်မှာပဲ run ကျမှာပါ Graphic အရမ်းသုံးလွန်းတဲ့ 
Game တွေ Graphic ပိုင်းဆိုင်ရာတွေက လွဲလို့ ပေါ့။ အားလုံးသော client user တွေမှာ browser တခုသာရှိဖို့ လိုပါမယ် ။ browser ကို

အသုံးပြုပြီး web application တွေ ရရှိ ဖို့  ၊ ကြည့်ဖို့ ကျနော်တို တွေ ဟာ client site and sever site programming language တွေနှင့်

database စနစ်တွေသုံးပြီးရေးသားကျပါတယ်။ အရင်တုန်းက မေးလ်အတွက်ဆို out look express လို မေးလ် application တွေသုံးနေရပေမယ့်

ခုလို ချိန်မှာ Google ကပေးတဲ့ web application လိုမျိုးတွေအသုံးများလာကြပါပြီ နောက်ပိုင်းဆို MS office အစာ Google Doc တို့ စတဲ့ web

ပိုင်းဆိုင်ရာတွေပဲ အသုံးပြုလာကျတော့မှာပါ။

ံCan we live without software applcation? Robort4_saidaonline

Artificial Intelligence Software (AI) တွေဆိုတာ နောက်ပိုင်းအရမ်းခေတ်စားလာပြီး ဂျပန်လို နိုင်ငံမျိုးမှာတော့အရမ်းကို research

လုပ်ပါတယ်။ ဂျပန်နိုင်ငံဟာ စက်ရုပ်တွေမှာ AI နည်းပညာတွေသုံးပြီး တက်နိုင်သမျှလူသားတွေနဲ့ တူအောင် လူသားတွေကို ကူညီဖို့ 

လူမှုပတ်ဝန်းကျင်မှာ ၀င်ဆန့် စေဖို့ ဆိုပြီး တီထွင်ကျိုးပန်းနေပါတယ်။ ဒီလိုအပဲ အခြားနိုင်ငံတော်တော် များများလည်း တီထွင်မှုတွေလုပ်နေပါတယ် ။။

သူဟာ Knowledge based system တခုပဲဖြစ်ပါတယ်။ AI software တွေဟာ Non numerical Algorithms တွေအသုံးပြုပြီး ရှုပ်ထွေးလွန်းတဲ့

Problem တွေကိုဖြေရှင်းပါတယ်။


Mobile application
တွေရဲ့ နေရာကိုလဲ လုံးဝမေ့လျှော့လို့ ရမှာမဟုတ်ပါဘူး ..နောက်ပိုင်း Mobile device တွေနေရာယူလာတာ ကျနော်တို့ 

မျက်မြင်ပါပဲ mobile device နဲ့ အင်တာနက်တွေသုံးမယ် အများကြီးမှ အများကြီးပဲပေါ့ ကွန်ပျုတာ အသေးစားလေးတခုလို့ တောင်ပြောလို့ ရလာပါပြီ။



Post by: Ye` Paing Phyo (Admin)
Back to top Go down
http://www.m51a.com
 
ံCan we live without software applcation?
Back to top 
Page 1 of 1
 Similar topics
-
» Software Informer

Permissions in this forum:You cannot reply to topics in this forum
Music & IT Development :: Category :: Knowledge Forum :: Programming-
Jump to: