Music & IT Development
Would you like to react to this message? Create an account in a few clicks or log in to continue.



 
HomeLatest imagesRegisterLog in

 

 ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ

Go down 
AuthorMessage
Admin
Admin
Admin


Posts : 83
Join date : 2010-07-15
Age : 41

ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ Empty
PostSubject: ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ   ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ EmptyWed Aug 11, 2010 9:20 am

Lennart Nilsson သည် ဆွီဒင် နိုင်ငံသား ဓါတ်ပုံဆရာနှင့် သိပ္ပံပညာရှင် ဖြစ်သည်။ သူ၏ ရိုက်ကူးခဲ့သော ဓါတ်ပုံများတွင်

တစ်ချိန်က ဓါတ်ပုံ ရိုက်ကူး၍ မရနိုင်ဟု ယူဆထားသော လူ၏ သန္ဓေသားလောင်း နှင့် အခြား ဆေးပညာဆိုင်ရာ

ဓါတ်ပုံများများအပြင် သူ၏ အနုစိတ် ဓါတ်ပုံပညာမှာ အထူးထင်ရှားသည်။

၁၉၆၅ ခုနှစ်တွင် Lennart Nilsson သည် သားအိမ်အတွင်း၌ လူ၏ သန္ဓေသားလောင်း ကြီးထွားလာပုံ အဆင့်အဆင့်ကို

ဆက်တိုက် ရိုက်ကူးကာ Life မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့သည်။ ထိုအချိန်က ထုတ်ဝေသည့် ပထမ ၄ ရက်အတွင်းမှာပင် စာအုပ်

၈ သန်းခန့် ရောင်းချခဲ့ရသည်။ အဆိုပါ မှတ်တမ်းပြုဖွယ် ဓါတ်ပုံများကို “A Child Is Born” စာအုပ် တွင် ပြန်လည်စုဆည်း

ဖော်ပြခဲ့ကြောင်း သိရသည်။
ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ D3960ac76acbe447ac41ac9cf2576182

သီတင်း၅ပါတ်။ သန္ဓေသားလောင်းသည် ၆ မီလီမီတာခန့်သာ ရှည်လျားသည်။ မျက်နှာပြင်တွင် ပါးစပ်နေရာ ပွင့်လာကာ

မျက်လုံးပေါက် နှာခေါင်းပေါက် ဖြစ်ပေါ်လာမည့် နေရာများလည်း ပေါ်ပေါက်လာသည်။
ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ 2b44c76dd2edd5274c42e70e4dbbd151
သီတင်း၈ပါတ်အကြာ။ အလျင်အမြန် ကြီးထွားလာသော သန္ဓေသားလောင်းကို ထိခိုက်မှု မရှိစေရန် ရေမွာခေါ် အရည်အိပ်ထဲထွင် ကာကွယ်ထားသည်။
ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ 88755027a58240b2b5357d4d48abcc2f
သီတင်း၁၀ပါတ်အကြာ။ မျက်ခွံသည် တစ်ဝက်ခန့်ပိတ်နေပြီး နောက် ရက်အနည်းငယ် အကြာတွင် အပြည့်ပိတ်သွားမည် ဖြစ်သည်။
ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ 2f286980f67c1bd61a4f37ca76d225ee
သီတင်း၁၆ပါတ်အကြာ။ သန္ဓေသားလောင်းသည် လက်ဖြင့် မိမိကိုယ်ကို နှင့် ပါတ်ဝန်းကျင်ကို စမ်းနိုင်လာသည်။
ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ D1cc959ddc1af3c9b32b5a3af84966a4
သန္ဓေသားလောင်းသည် ချက်ကြိုးကို ထိနိုင် ကိုင်နိုင်လာသည်။ အရိုးများသည် ပျော့ပြောင်းသော အချောင်းများအဖြစ် တည်ရှိပြီး သွေးကြောများ ဆက်နွယ်နေမှုကို အရေပြားမှ တဆင့် မြင်ရသည်။
ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ 92db026553923ad961559422c03477cb
သီတင်း၁၈ပါတ်အကြာ။ သန္ဓေသားလောင်းသည် ပြင်ပအသံများကို စတင်ကြားသိနိုင်ပြီ ဖြစ်သည်။
ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ 1d63d3f9950fae43c047ceebfdcdaf51

သီတင်းပါတ်၂၀အကြာ။ lanugo ဟုခေါ်သော အမွှေးအမျှင်များ မျက်နှာပေါ်တွင် စတင်ပေါ်ပေါက်လာသည်။





Reff:PatheinCity News | Source:Wikipedia | Photo:CNTV
Back to top Go down
http://www.m51a.com
 
ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Music & IT Development :: Blog :: ထူးဆန်းအံဖွယ်-
Jump to: