Samba Server ကျွန်တော်အခု ဖော်ပြပေးမှာကတော့ Linux မှာ File Sharing နှင့် Printer Sharing Service အား Microsoft Platform ဖြင့် တွဲဖက်အသုံးပြုရာ၌
အသုံးပြူမယ့် Samba Service အကြောင်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ Samba သည် Linux OS မှာ အသုံးပြုရမယ့် Service ဖြစ်ပြီး TCP/IP
Protocol ဖြင့် ချိတ်ဆက်ထားသော Network ထဲတွင် အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ Network ထဲမှာ Microsoft OS တွေကိုပဲ
အသုံးပြုပြီး Network ချိတ်ဆပ်ထားတယ်ဆိုရင် Samba Service ကို အသုံးပြုရန် မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Microsoft Windows OS
များ တစ်ခုနှင့်တစ်ခုပြုလုပ်ရာ၌ တူညီတဲ့ Programming Language တွေကိုပဲ အသုံးပြုထား တာကြောင့် Operation System တစ်ခုနှင့်တစ်ခု Share
လုပ်ထားတဲ့ File တွေ Folder တွေကို Microsoft OS မှတဆင့် Network ပေါ်ကနေ၀င်ရောက် Access လုပ်မယ် ဆိုရင် Programming
Language မတူညီတဲ့ OS ဒါမှမဟုတ် Platform မတူညီတဲ့ OS တွေဖြစ်နေတာကြောင့် Access လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ ဒီတော့
ကျွန်တော်တို့က Microsoft OS သည် Linux OS မှာရှိတဲ့ File တွေ၊ Folder တွေကို Microsoft OS ကနေတဆင့် အလွယ်တကူဝင်ရောက်
အသုံးပြုလို့ရသွားမှာပဲ ဖြစ်ပါတယ်။ ကဲ! ဒီလိုဆိုရင် Samba Server အကြောင်းကို နားလည်ပြီဖြစ်လို့ Samba Server ကို ဘယ်လိုမျို Linux
OS မှာ Configure လုပ်ရမယ်ဆိုတာကိုတဆင့်ဆင့် ဖော်ပြပေးပါ့မယ်။
Samba Server ကို Install လုပ်ပုံ ကျွန်တော်က အခု Samba Server ကို Linux OS ဖြစ်တဲ့ Fedora Care 6 ပေါ်မှာ Install လုပ်ပြပေးမှာ ဖြစ်ပါတယ်။ Samba Server ကို Install
လုပ်ရန်အတွက် ဦးစွာပထမပြုလုပ်ရမှာကတော့ Fedora Core 6 DVD Disc ကို မိမိရဲ့ DVD ROM Drive ထဲသို့ ထည့်သွင်းထားရမှာပဲ ဖြစ်ပါတယ်။
ပြီးရင် Linux OS ထဲမှာပါရှိတဲ့Terminal Console ထဲသို့ဝင်ပါ။ Terminal Console ကိုဖွင့်ပြီးသွားပြီဆိုရင်တော့ -"media" Directory
အောက်ထဲကိုဝင်ပါ။ ဒါဆိုရင် "Media Directory အောက်ထဲမှာရှိတဲ့"FC-6 i386 DVD" ထဲကိုဝင်ပါ။ ပြီးရင် "Fedora/RPMs" Directory
အောက်သို့ရောက်အောင် အဆင့်ဆင့် ၀င်ရောက်သွားရမှာပဲ ဖြစ်ပါတယ်။ ပုံ (001)တွင် ကြည့်ပါ။
ကျွန်တော်တို့က Samba Server အတွက် "samba-swat-3.0.23c-2.i386 rpm" Package ကို Install လုပ်ပေးကြရမှာ ဖြစ်ပါတယ်။ပုံ(002)
တွင်ကြည့်ပါ။
RPM Package ကို Install လုပ်ရန်အတွက် အသုံးပြုရမယ့် Command ကတော့ "rpm-ivh" Command ကို အသုံးပြုပြီး Install လုပ်ရမှာပဲ
ဖြစ်ပါတယ်။ပုံ (003) တွင်ကြည့်ပါ။
RPM package အား Install လုပ်ပြီးသွားပြီဆိုရင်တော့ Samba Server ဆီသို့ Microsoft Usen မှဝင်ရောက် Access လုပ်ခွင့်ပေးဖို့ရန် User
Account နှင့် Password ကိုဖန်တီးပေးရမှာဖြစ်ပါတယ်။ ပုံ (004) တွင်ကြည့်ပါ။
User Account နှင့် Password အားဖန်တီးပြီးသွားပြီဆိုရင်တော့ Samba Server မှာကျွန်တော်တို့ဖွဲ့ထားတဲ့ User Account အတွက် Samba
Password ကို ဖန်တီးပေးရမှာဖြစ်ပါတယ်။ ပုံ (005) တွင်ကြည့်ပါ။
Samba Service အား Linwc OS မှာ Enable လုပ်ပေးရပါမယ်။ ဒါကြောင့် "/ete/ xinetd.d" Directory အောက်ထဲသို့ သွားပါ။ ပြီးရင် "swat"
confiswation file အား ၀င်ရောက် ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။ ပုံ (007) တွင်ကြည့်ပါ။
"Swat" Configuration file ပေါ်လာပါမယ်။ ၎င်း file ထဲတွင် "disable=yes" လုပ်ထားတာတော့တွေ့ရပါမယ်။ ပုံ (008) တွင်ကြည့်ပါ။
"disable=yes" အား "disable=no" သို့ ပြောင်းလဲပါ။ ပြီးရင် ":wq" အားအသုံးပြုပြီး "swat" ရဲ့ configuration file အား သိမ်းဆည်းရပါမယ်။ ပုံ
(009) တွင်ကြည့်ပါ။
"Swat" Configuration file အား သိမ်းဆည်းပြီးသွားပြီဆိုရင် "xinetd" service နှင့် "smb" service တို့အား start လုပ်ပေးရပါမယ်။ ပုံ (010)
တွင်ကြည့်ပါ။
မှတ်ချက်။ ။"chkconfig" command ကိုအသုံးပြုထားတာက ၎င်း service များအား Linux OS loading လုပ်တိုင်းအမြဲတမ်း Running
ဖြစ်နေအောင်လို့ အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ အခုကျွန်တော်တို့ samba service အား Linux OS မှာ Install လုပ်တာနှင့် configure လုပ်ခြင်းက
ပြီးဆုံးသွားပါပြီ။
အခုကျွန်တော်ဆက်လက်ဖေါ်ပြပေးမှာက Microsoft OS မှ Linux OS တွင် Share ပေးထားသော File နှင့် Folder တွေကို ဘယ်လိုပုံစံမျိုးနဲ့ Access
လုပ်ရမယ်ဆိုတာကို ဖေါ်ပြပေးပါမယ်။ Linux OS ကိုအသုံးပြုနေတဲ့ User က မိမိ Share ပေးလိုတဲ့ File နှင့် Folder များကို "/home/Loop"
Directory အောက်ထဲမှာ သွားရောက်သိမ်းဆည်းထားပေးရမှာပဲ ဖြစ်ပါတယ်။ ပုံ (011) တွင် ကြည့်ပါ။
Microsoft OS ကတော့ Linux OS မှာ Share လုပ်ထားတဲ့ File နှင့် Folder များကို Access လုပ်နိုင်ရန်အတွက် Run Box ကို ဖွင့်ပြီး Linux OS ရဲ့
IP Address ကို ရိုက်ထည့်ပြီး "OK" Button ကို နှိပ်ပါ။ ပုံ 012 တွင်ကြည့်ပါ။
ဒါဆိုရင် Linux OS မှာ Share ပေးထားတဲ့ File နှင့် Folder များကို Access လုပ်နိုင်ရန်အတွက် User Name နှင့် Password Box ပေါ်လာပါမယ်။
User name ကတော့ Linux OS မှာ ဖန်တီးခဲ့တဲ့ User Account Name ကို ထည့်ပေးရမှာဖြစ်ပြီး Password ကတော့ Samba အတွက်
ဖန်တီးပေးခဲ့သော Password ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် "OK" Button ကို နှိပ်ပါ။
မှတ်ချက်။ Samba အတွက် ဖန်တီးခဲ့တဲ့ Password က ပုံ (005)မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ "Network Place" ထဲတွင် "Loop" Share Folder
အား တွေ့မြင်ရပါမယ်။ ပုံ (014) တွင် ကြည့်ပါ။
"Loop" Share Folder အား Double Click ဖြင့် ဖွင့်လိုက်မယ်ဆိုရင် Linux OS ကို အသုံးပြုနေသော User မှ Share ပေးထားတဲ့ File နှင့် Folder
များအား Access လုပ်လို့ရသွားပြီ ဖြစ်ပါတယ်။ ပုံ (015) တွင် ကြည့်ပါ။