Music & IT Development
Would you like to react to this message? Create an account in a few clicks or log in to continue.



 
HomeLatest imagesRegisterLog in

 

 Firefox 4 beta 1 သုံးသပ်ချက်

Go down 
AuthorMessage
Admin
Admin
Admin


Posts : 83
Join date : 2010-07-15
Age : 41

Firefox 4 beta 1 သုံးသပ်ချက် Empty
PostSubject: Firefox 4 beta 1 သုံးသပ်ချက်   Firefox 4 beta 1 သုံးသပ်ချက် EmptySun Jul 25, 2010 2:43 am

Firefox 4 beta 1 သုံးသပ်ချက် Firefox-4-Beta-11

Window, Mac နဲ့ Linux OS တွေပေါ်မှာ အသုံးပြုနိုင်မယ့် Firefox 4 Beta 1 ကို ဒေါင်းလုပ်ရယူအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Mozilla က July

လအစောပိုင်းက ကြေငြာခဲ့ပါတယ်။ ဒီမျိုးဆက်သစ် Browser ရဲ့ Final Version ကိုတော့ လာမည့် လအနည်းငယ်အတွင်းမှာ ထွက်ပေါ်လာမယ်လို့

ဆိုထားပါတယ်။ Firefox 4 Beta 1 ဟာ လက်ရှိ Firefox 3 ထက် ပိုမိုလျင်မြန်ပြီး စိတ်လှုပ်ရှားဖွယ်ရာ လှပတဲ့အသွင်အပြင်တစ်ခု အနေနဲ့လည်း

တွေ့ရမှာဖြစ်ပါတယ်။ Firefox 4 ကို download ချပြီး သုံးစွဲကြည့်တဲ့အခါ အသစ်အသစ်သော Feature များအပြင် တခြား browserတွေနဲ့

ကွာခြားမှုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။



New User Interface



Firefox 4 beta 1 သုံးသပ်ချက် Firefox-4-Beta-1-Firefox-button-300x209



Firefox 4 ရဲ့အသွင်အပြင်ဟာ Opera နဲ့ Chrome Browser တွေအပေါ်မှာ အခြေခံပြီး အရင်versionတွေနဲ့ မတူ ကွဲပြားခြားနားလာတာကို

တွေ့ရပါတယ်။ Window User များအတွက် Chrome ကဲ့သို့ Tab မျာကို ထိပ်ပိုင်းအတွင် default အဖြစ်ပြုလုပ်ထားပေးခြင်းကြောင့်

အမြင်ဆန်းသစ်စေမည်ဖြစ်ပြီး Button နဲ့ Menu အချို့ကတော့ Opera 10.6 နဲ့ ဆင်တူတဲ့ပုံစံပြုလုပ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် Menu bar ကို

အစမှာမပေါ်အောင်လုပ်ထားပေမယ့် Firefox 3.6 မှာလို အရင်ပုံစံကိုလည်း ပြန်လည်ရယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။



Firefox 4 beta 1 သုံးသပ်ချက် Firefox_4_bookmarks-300x191


Firefox 4 Beta 1 မှာ Search Bar ရဲ့နောက်၌ နောက်ထပ် Bookmark Button အသစ်တစ်ခုပါလာပြီး ကိုယ့်ရဲ့ bookmark တွေဆီကို

ကလစ်တစ်ခုတည်းနဲ့ အလွယ်တကူရယူအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။


New Add-ons Manager



Firefox 4 beta 1 သုံးသပ်ချက် Firefox_4_addons_manager-300x128

Firefox 4 မှာ နောက်ထပ်တိုးချဲ့ထည့်သွင်းထားတာကတော့ Add-on Manager အသစ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ interface

ပိုင်းကို လုပ်ဆောင်နေဆဲဖြစ်နေတာမို့ Add-on တွေကိုထည့်သွင်း အသုံးပြုလို့မရသေးပါဘူး။ဘာပဲဖြစ်ဖြစ် ဒါဟာ Final Version

မှာသေချာပေါက်ပြီးစီးမယ်လို့ Mozilla ကဆိုထားပါတယ်။


Search and Switch to Open Tabs


ပိုမိုနှစ်လိုဖွယ်ကောင်းတဲ့ Feature လေးတစ်ခုပါပဲ။ Tabs တွေအများကြီးဖွင့်ထားပြီး တစ်ခုပြီးတစ်ခုလှည့်လည်သွားရောက်ကြည့်ရှုချင်တယ်ဆိုရင်

လွယ်ကူမှာဖြစ်ပါတယ်။ Tab အသစ်တစ်ခုဖွင့်လိုက်ပါ။ URL ဒါမှမဟုတ် (page title) ၀က်ဘ်စာမျက်နှာရဲ့ခေါင်းစဉ်ကို စတင်ရိုက်ကြည့်တယ်ဆိုရင်ပဲ

ဖွင့်ထားတဲ့ Tab တွေဆီကို အလွယ်တကူသွားနိုင်မှာဖြစ်ပါတယ်။


Firefox 4 beta 1 သုံးသပ်ချက် Firefox_4_switch_to_tab-300x62


Windows 7 Integration


Firefox 4 ဟာ Windows 7 မှာပါတဲ့ Tab တွေကိုကြည့်ရှူခြင်းနဲ့ ကူးပြောင်းသွားခြင်းကို အခြေပြုလုပ်ဆောင်ထားပါသေးတယ်။ Tab preview

ကိုသုံးပြီး ဖွင့်ထားတဲ့ tab အားလုံးကို လွယ်ကူစွာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါပြင် လျင်မြန်စွာပဲ တစ်ခုမှ တစ်ခုသို့ကူးပြောင်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။


Firefox 4 beta 1 သုံးသပ်ချက် Firefox_4_windows_7_integration


HTML5 WebM Videos Support


Firefox 4 ဟာ HTML5 WebM video တွေကို အထောက်အပံ့လုပ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ စမ်းသပ်မှုတွေထဲမှာတော့ HTML5 ဗွီဒီယိုတွေဟာ

Firefox 4 မှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်တာကို နှစ်လိုဖွယ်တွေ့မြင်ရဦးမှာပါ။


Firefox 4 beta 1 သုံးသပ်ချက် Firefox_4_html5_video


Speed and Other Benchmarks




Firefox 4 beta 1 သုံးသပ်ချက် Firefox_4_peacekeeper_benchmark

Firefox 4 ဟာ ယခင် version 3.6 ထက် ပိုမိုပေါ့ပါးပြီး မြန်ဆန်တာကိုတွေ့ရပါတယ်။ ဒါဟာ အရင် version ထက် Memory သုံးစွဲမှု

လျော့နည်းသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Firefox 4 ဟာအမြန်ဆုံး browser မဟုတ်သေးပါဘူး။ တိုင်းတာမှုတွေမှာတော့ အမြန်နှုန်းဟာ Chrome

နဲ့ Opera ရဲ့နောက်မှာပဲ ရှိပါသေးတယ်။


Other Features


Firefox 4 မှာ Flash, QuickTime နဲ့ အခြား plugins ကြောင့်ဖြစ်လာတဲ့ (Crash protection) ရုတ်တရက်ပိတ်သွားခြင်း ကိုကာကွယ်ပေးမှုလည်း

ပါလာပါတယ်။ဒါကလည်း 3.6 မှာကတည်းက ထည့်သွင်းခဲ့ပြီးသားပါ။ Browser ရဲ့ ဘယ်ဘက်ထိပ်မှာ Drop down Menu တစ်ခုဖြစ်တဲ့ လိမ္မော်ရောင်

Firefox ခလုတ်လေးပါဝင်လာပြီး CSS3 Canvas,CSS transitionsလိုမျိုး CSS 3နဲ့ပက်သတ်ပြီးပြောင်းလဲမှုအမျိုးမျိုး နဲ့ Web Sockets

ကဲ့သို့သော ၀က်ဘ်စံသတ်မှတ်ချက်များအတွက် အထောက်အပံ့များ လည်းပါဝင်လာမှာဖြစ်ပါတယ်။ Morzilla ရဲ့ အမြဲတမ်း Privacy သည်

ပထမပါဆိုသည့်အတိုင်း Privacy ပိုင်းဆိုင်ရာ တိုးတက်မှုတွေလည်း ပါဝင်လာပါတယ်။


ခင်ဗျားမှာ Firefox 4 Beta 1 မရှိသေးဘူး ဆိုရင်တော့ အခုပဲ ဒီနေရာမှာ ဒေါင်းလုပ်ချပြီး ရယူသုံးစွဲကြည့်နိုင်ပါတယ်။ Firefox 4 နဲ့ပတ်သက်ပြီး

Feature တွေကိုကြည့်ချင်တယ် ဆိုရင်တော့ Mozilla ရဲ့ဘလော့မှာ သွားရောက်လည်ပတ်ရင်း ဖတ်ရှုနိုင်ပါတယ်။ Web developer တွေအနေနဲ့

Feature တွေကို အပြည့်အစုံသိချင်တယ်ဆိုရင်တော့ Firefox 4 for developers မှာသွားရောက်လေ့လာနိုင်ပါတယ်။






Reff:
techie-buzz.com, songchanmoe.com
Back to top Go down
http://www.m51a.com
 
Firefox 4 beta 1 သုံးသပ်ချက်
Back to top 
Page 1 of 1
 Similar topics
-
» Firefox 4.0 Beta 2 ထွက်ပြီ
» Firefox ရဲ့ FoxTab v1.3 Add-on နဲ့ မိမိရဲ့ Browser ကို လန်းမယ်

Permissions in this forum:You cannot reply to topics in this forum
Music & IT Development :: Category :: Knowledge Forum :: Web-
Jump to: