Music & IT Development
Would you like to react to this message? Create an account in a few clicks or log in to continue.



 
HomeLatest imagesRegisterLog in

 

 Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း

Go down 
AuthorMessage
Admin
Admin
Admin


Posts : 83
Join date : 2010-07-15
Age : 41

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း Empty
PostSubject: Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း   Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း EmptyThu Jul 15, 2010 6:02 am

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း Leopard-pc

command line တွေကိုသုံးပြီး Windows အား အဝေးထိန်း (Remote) Control လုပ်ချင်ပါသလား? SSH Network protocol ကိုအသုံးပြုမယ်ဆိုရင် ရပါတယ်။ Telnet ကိုတော့ Network အကြောင်းကို လေ့လာတဲ့သူတွေ တော်တော်များများသိထားကြပါလိမ့်မယ်.. ဒါပေမဲ့ Telnet က SSH လောက် လုံခြုံမှုမပေးနိုင်ပါဘူး။ အခု လုပ်ဆောင်ပုံကတော့ အရိုးရှင်းဆုံး Setup လေးတစ်ခုပါပဲ..

ဒါကိုအသုံးပြုပြီး Computer တစ်လုံးကနေ အခြားတစ်လုံးကို command line တွေနဲ့ management လုပ်လို့ရပါတယ်။ ဆိုလိုတာက copy, edit, move နဲ့ delete စသည်ဖြင့် အိမ်၊ ရုံးမှ ကွန်ပျူတာများကို အသုံးပြုနိုင်ပါတယ်။ SSH network protocol က ကွန်ပျူတာ နှစ်လုံးရဲ့ ချိတ်ဆက်မှုအတွက် လုံခြုံစိတ်ချရပါတယ်။

Step 1: Setup SSH Server in Windows with freeSSHd
freeSSHd software ကတော့ Windows အတွက် SSH ကိုအသုံးပြုဖို့ အကောင်းဆုံး Software တစ်ခု ဖြစ်ပါတယ်။

ပထမဦးစွာ ၄င်း software ကို Download လုပ်ပြီး Install လုပ်လိုက်ပါ။ Install လုပ်တာကတော့ ရိုးရိုးရှင်းရှင်းပါပဲ... Next Next ပေါ့..

Click Next -> Click Next (or you can change the default installation directory) -> Click Next (Full Installation) -> Click Next (Start Menu Folder) -> Click Next (Create a desktop icon) -> Click Install (ready to install) -> Wait until installation has been finished -> Click Close ဖြင့် ပိတ်လိုက်ပါ။

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း 1

Installation ပြီးသွားရင် “Do you want to run freeSSHd as a system service?” ဆိုတာလေး ပေါ်လာပါလိမ့်မယ်...

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း Start-ssh-as-system-service-option



ဒါဆိုရင် System Tray ထဲမှာ freeSSHd icon လေးပေါ်နေပါလိမ့်မယ်.. ဒါကို Click နိုပ်ပြီး setting ထဲကိုသွားလိုက်ပါ။

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း 5




Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း Check-running-freesshd-server

“SSH server is running”. ဆိုတာလေးကိုစစ်ဖို့ Server Status ဆိုတဲ့ tab မှာ စစ်ကြည့်ပါ။



၎င်း နောက်ပိုင်းမှာ ကျွန်တော်တို့ Remote user အကောင့်တစ်ခု ဖွဲ့ပေးရပါမယ်...

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း 7

User ဆိုတဲ့ Tab ထဲ က Add ဆိုတဲ့ button ကို နိုပ်ပြီး အကောင့်တစ်ခုလုပ်ပါ။ မိမိနှစ်သက်ရာ User name ရွေးပြီး Authorization မှာ Password Stored as Sha1 hash ဆိုတာကိုရွေးပြီး password ကိုရိုက်ထည့်ပါ။ user can use: ဆိုတဲ့နေရာမှာ Shell နဲ့ SFTP ဆိုတာတွေကို အမှန်ခြစ်လိုက်ပါ။ ပြီးရင် OK ဆိုပြီး အကောင့်ဖွဲ့လိုက်ပါ...

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း 8



ယခု ကျွန်တော်တို့ SSH အသုံးပြုခွင့်ကို စစ်ပါမယ်... ၄င်းအတွက် PuTTY ဆိုတဲ့ Software တစ်ခုကို အသုံးပြုရပါလိမ့်မယ်...

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း 9

PuTTY ရဲ့ configuration Setting ထဲမှာ ကျွန်တော်တို့ Remote ယူသုံးမဲ့ စက်ရဲ့ IP Address ကိုထည့်သွင်းရပါလိမ့်မယ်.. ပုံမှန်အားဖြင့် SSH ရဲ့ Port က 22 ပါ...



ပြီးရင် Open ဆိုပြီးနိုပ်လိုက်ပါက Alert Box တစ်ခု ကျလာပါလိမ့်မယ်.. .

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း Accept-sha-key-putty

Yes ဆိုတဲ့ button ကိုနိုပ်လိုက်ပါက Login ၀င်ရင်အတွက် Command Prompt တစ်ခု ကျလာပါလိမ့်မယ်...

စောစောက ကျွန်တော်တို့ freeSSHd မှာ အကောင့်တစ်ခု ဖွဲ့တုန်းက user name နဲ့ password ကို ရိုက်ထည့်ပြီး ၀င်လိုက်ပါ။

Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း 11

အခုဆိုရင် ကျွန်တော်တို့ SSH server ကို အောင်မြင်စွာ ဆက်သွယ်နိုင်ပါပြီ..
















Credit:worldwidemyanmar.com
Back to top Go down
http://www.m51a.com
 
Windows တွင် SSH Server အား freeSSHd ဖြင့်အသုံးပြုခြင်း
Back to top 
Page 1 of 1
 Similar topics
-
» USB Flash Drive နဲ့ Windows XP ရဲ့တံခါးကို သော့ခတ်ခြင်း
» ISA Server 2006 Configuration
» SYH media player အတွက် အကူညီတောင်းခံ ခြင်း
» ကွမ်းစားခြင်းနှင့်ကျန်းမာရေး
» HARDDISK ကိုခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း

Permissions in this forum:You cannot reply to topics in this forum
Music & IT Development :: Category :: Knowledge Forum :: Networking-
Jump to: